မကွေးမြသလွန်၏ သမိုင်းဝင်အထင်ကရနေရာများ


မြသလွန်စေတီတော်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် ဆက်နွှယ်သော အမြင့်မြတ်ဆုံးနေရာဟု လူသိများသော မြသားသလွန်တော်ကို ဌာပနာ ထားသောသမိုင်းဝင်စေတီတဆူဖြစ်ပါသည်။ သေလာဥက္ကဌ နဂုတ္တမခေါ်မှတ် တောင်တော်မြတ်သို့ ချဉ်းကပ်ရောက်လာကြလေသော တောပျော် ရှင်ရသေ့တို့လည်း သိကြားမင်းနှင့် အတူတကွတိုင်ပင်ကြ၍ ညွှန်ပြနည်းပေးလျက် လူတို့၏ရှေ့ဆောင် ပြုလုပ်ကြပြီးလျှင် များလှစွာသော စတုလောကပါလ သာသနာ အာရက္ခ ၊ သမ္မာဒေဝ ၊ ယက္ခယက္ခီ ၊ ဒေဝီ ၊ ဒေဝါ ၊ ဝိဇ္ဇာဇော်ဂျီ ၊ တပသီတို့ ကူညီမစခြင်းဖြင့် သာသနာသက္ကရာဇ် ( ၂ ) ခုနှစ်တွင် ရှေးဦးအစ သုဘောဂသူဌေးကြီးသည် သားသမီးတို့နှင့်တကွ အရုဏဝတီရွှေမြေကဲ့သို့ ဆန်းကြယ်လှစွာ ခိုင်မာ ကောင်းမွန်သော အင်္ဂတေ ရွှေမြေ သရွတ်တို့ကို ခြွေဆွတ်ယူဆောင်လျက် သိကြားမင်းအစ ပထမ စီရင်အပ်ပြီးသော ဌာပနာတိုက်ကြီး အထက်မှ သံတောင် (၃၅)တောင် အမြင့်ရှိသော စေတီတော်ကို တည်ကြလေလျှင် နှစ်ဆူသော မြတ်စွာဘုရားတို့၏ ရွှေသားသလွန်တော် မြသားသလွန်တော်ဟူသော ပရိဘောဂဓာတ်တို့မှ ထက်ရပ် အဇာဋာ အာကာ ဝေဟင် မြေပြင်အားလုံး အုပ်ဖုံးဖြန့် မိုးကာ ရှစ်မျက်နှာသောအရပ်တို့၌ တည်ရှိသော အရာဝထ္ထု မှန်သမျှတို့ကို ဇမ္ဗူရစ် ရွှေရည်အလျဉ်ဖြင့် တသွင်သွင်လောင်းအပ်ဘိသကဲ့သို့ ဝါရွှေသောအဆင်းကိုဖြစ်စေလျက် ရွှေသောရောင်ခြည်တော် ၊ စိမ်းပြာညိုမှောင် ဖြူနီရောင်တို့ ထိန်ပြောင်ရောယှက် ပြိုးပြိုးပျက်ပျက် တစ်ခဲ နက်သော ရောင်ခြည်တော် အစရှိသော ခြောက်သွယ်သော ရောင်ခြည်တော်တို့သည် ထိုမှ ဤမှ ကွန့်မြူးကြ၍ ထွက်ကြွတော်မူလေရာ များစွာကုန်သော နတ်လူတို့သည် ကြည်ဖြူသဒ္ဓါ စေတနာဖြင့် ဖရဏာပီတိဂွမ်းဆီထိသို့ ထုတိ ဃောသာ အစ္ဆရာဝတ အံ့ဩကြလျက် ဒါတဗ္ဗအမျိုးမျိုးတို့ ဖြင့် ရို့ကျိုး ညွှတ်ခ ပူဇော်ကြကုန်လေသတည်း။ မြသားသလွန်တော်စေတီတော်မြတ်ကြီးသည်နဂုတ္တမကုန်းတော်ပေါ်တွင်ကိန်းဝပ်စံပ္ပာယ်‌တော်မူသည်။ထိုကုန်းတော်ပေါ်တွင်အထင်ကရသမိုင်းဝင်နေရာများရှိပြီး၊စေတီတော်မြတ်ကြီးနှင့်ဆက်နွယ်သောမှတ်တမ်းဝင်ရုပ်ထုပုံတူများအထင်ကရကျန်ရှိခဲ့ပါသည်။